မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ဆောင်ရွက်မှုစစ်ဆေး

ပုသိမ်ကြီး ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်းရှိ မဲရုံဖွင့်လှစ်မည့်နေရာများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၈ နံနက် ၉ နာရီက  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ဆက်လက်ကျင်းပမည့် မဲရုံများဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ မဲကင်းကုန်းကျေးရွာအုပ်စုရှိ မဲရုံများနှင့် နန်းဦးလွင်ကျေးရွာအုပ်စု တို့ကို သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ မဲရုံတာဝန်ကျသူများနှင့် ရပ်/ကျေး စာရေးများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ရပ်ကွက် ကျေးရွာများရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးမည့် အဆောက်အအုံ၊ မဲရုံတည်နေရာပြ လမ်းညွှန်အမှတ်အသား၊ မဲရုံအတွင်းခင်းကျင်းပြင်ဆင်ထားမှု အစရှိသည်များ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများ အေးချမ်းစွာ  မဲပေးနိုင်ရေး၊ မဲရုံများကို စနစ်တကျ ဆောင်ရွက်ထားရှိရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်