ကျောက်ဆည် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ငါးနှင့်စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ဝက်သားတစ်ပိဿာငွေကျပ် (၂၆၀၀၀) ဖြင့် (၃၅)ပိဿာ၊ အမဲသားတစ်ပိဿာ ငွေကျပ် (၂၅၀၀၀) ဖြင့်(၂၅)ပိဿာ၊ ဆိတ်သားတစ်ပိဿာငွေကျပ်(၂၈၀၀၀) ဖြင့်(၁၅)ပိဿာ၊ စားအုန်းဆီ တစ်ပိဿာငွေကျပ် (၇၇၂၀) ဖြင့်(၁၀၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်