ပျော်ဘွယ်မြို့ မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဇန်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် နာရီက မှန်နန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုတတ်စေရန်၊ မိမိတို့နှင့်လိုက်လျောညီထွေဖြစ်မည့်စာပေများကို ရွေးချယ်ဖတ်ရှုရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန်ဆွေးနွေးဟောပြောသည်။

ထို့နောက် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)