ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၌ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇန်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပဲသီးနှံမျိုးစုံ စိုက်ပျိုးကြရာ တောင်တော်ကျေးရွာ၌ တောင်သူ ဦးသာဟန်စိုက်ပျိုးထားသော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပဲစင်ငုံသီးနှံသည် ကာလရှည်သီးနှံဖြစ်ပြီး တောင်သူအများစုသည် ပဲတီစိမ်း၊ ဝါ၊ နှမ်းသီနှံများနှင့် တွဲဖက်၍ သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်း၊ နှမ်းသီးနှံများရိတ်သိမ်းချိန်တွင် မြေဆွခြင်း၊ ပေါင်းလိုက်ခြင်းနှင့် လိုအပ်သည့်ဖျန်းဆေးများ ဖြန်းပေးခြင်းဖြင့် ပဲစင်ငုံအပင်များ ကြီးထွားသန်မာ၍ အပွင့်များ ဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်သီးလာကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ပဲစင်ငုံသီးနှံများကို ကလေး၊ မှိုင်းပန်၊ ကုလားကျောင်း၊ ရဲဘော်ကြီးနှင့် ရဲယမန်း၊ သံရွာ၊ ပေါင်လောင်၊ တောင်တော၊ ကင်းကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြပြီး ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)