အမရပူရ ဇန်နဝါရီ ၁၉
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် စစ်တုရင်ပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး၊ ကြက်တောင်ရိုက်ပြိုင်ပွဲ(အမျိုးသား၊အမျိုးသမီး)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(အမျိုးသား)၊ ဘော်လီဘောပြိုင်ပွဲ(အမျိုးသား၊၊အမျိုးသမီး) စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၁ ၌ ကျင်းပသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ကိုဝင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးအကော်ပိုရေးရှင်းမှ နယ်အင်ဂျင်နီယာမှူး ဦးဇော်မင်း၊ ပြိုင်ပွဲကျင်းပရေး အားကစားဆပ်ကော်မတီ အသီးသီးမှဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် အားပေးကြသည်။
အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အားကစားပညာအသင်းနှင့် သင်္ချာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အားကစားပညာအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အားကစားညာအသင်းက ညွန့်ပေါင်းအသင်းကို နှစ်ပွဲပြတ်ဖြင့် အသီးသီး အနိုင်ရရှိသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ ကျောင်းအုပ်ကြီး၊ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးအကော်ပိုရေးရှင်းမှ အင်ဂျင်နီယာမှူး၊ ပြိုင်ပွဲကျင်းပရေး အားကစားဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများများက ပြိုင်ပွဲအသီးသီးတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းဆုများ၊ အကောင်းဆုံးအားကစားသမားဆုများ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)