မန္တလေး ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို)အဖြစ် အသိပညာပေး စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းတွင် တက်ရောက်လာသည့် ကျောင်းသူလေးများကို ပြည်ထောင်စုနေ့နှင့် ပတ်သက်သော အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသူလေးများက ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခြင်း၊ မီးခိုးမြူငွေ့ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် ကျောင်းသူလေးများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)