ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပြင်ဆင်ထားမှု အခြေ အနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်လှည့်လည်ကြည့်ရှု

ချမ်းမြသာစည် ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မဟာအောင်မြေခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်​မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုသည်။

ဦးစွာ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲနံပါတ်များကို mobile tablet ဖြင့် လွယ်ကူလျင်မြန်စွာ ရှာဖွေပေးနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ အမိုအကာအောက် စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး ပြင်ဆင်ထားမှုများ၊ ပြည်သူများဆန္ဒမဲပေးမည့် အဆောက်အဦ၊ မဲဆန္ဒရှင်ပြည်သူများ သက်တောင့်သက်သာရှိစေရန် ပလတ်စတစ်ထိုင်ခုံများ စနစ်တကျထားရှိမှုများ၊ မဲရုံတည်နေရာပြ လမ်းညွှန် အမှတ်အသားများ၊ မဲရုံအတွင်း ခင်းကျင်းပြင်ဆင်ထားမှု အစရှိသည်များကို လိုက်လံကြည့်ရှုရာ သူနာပြုတက္ကသိုလ်ကျောင်း၊ အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂၆) အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မြရည်နန္ဒါစည်ပင်ညစျေးကွင်း၊ အမှတ်(၃၆) အခြေခံပညာအထက် တန်းကျောင်း၊ စိတ်ကူးသစ်ဖူဆယ်ဘောလုံးကွင်း၊ အမှတ်(၂၈) အခြေခံပညာ အထက်တန်းကျောင်းများရှိ မဲရုံများကို လှည့်လည်ကြည့်ရှုကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ မဲရုံတာဝန်ကျသူများနှင့် ရပ်/ကျေးစာရေးများအား မဲရုံများနှင့် ပတ်သက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

​​ အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)