ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံပြင်ဆင်ထားမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချမ်းမြသာစည် ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းဆွေနှင့် တာဝန်ရှိသူများကြည့်ရှုစစ်ဆေးသည်။

ဦးစွာ  ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးမည့် အဆောက်အဦ၊ မဲဆန္ဒရှင်ပြည်သူများ အမိုအကာအောက် စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး ပြင်ဆင်ထားမှုများ၊ မဲဆန္ဒရှင်ပြည်သူများ သက်တောင့်သက်သာရှိစေရန် ပလပ်စတစ်ထိုင်ခုံများ စနစ်တကျထားရှိမှုများ၊ မဲရုံတည်နေရာပြ လမ်းညွှန်အမှတ်အသားများ၊ မဲရုံအတွင်း ခင်းကျင်းပြင်ဆင်ထားမှု အစရှိသည်များ ကို လိုက်လံကြည့်ရှုစစ်ဆေးရာတွင် သူနာပြုတက္ကသိုလ်ကျောင်း၊ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာ အထက် တန်းကျောင်းခွဲ၊ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခွဲတို့တွင် အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ မဲရုံတာဝန်ကျသူများနှင့် ရပ်/ကျေးစာရေးများအားမဲရုံများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)