မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး  ဆွေးနွေး

ချမ်းအေးသာစံ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ညှိနှိုင်းဆွေးနွေးပွဲသင်တန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစတင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးသည်။

အဆိုပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြဆရာ၊ ဆရာမများတက်ရောက်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက လာရောက်သင်ကြားပို့ချသည်။

အဆိုပါသင်တန်းပို့ချမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)