တောင်သာမြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံစေရေး ဆောင်ရွက်

တောင်သာ ဇန်နဝါရီ ၂၀

တောင်သာမြို့၌ မဲရုံပတ်ဝန်းကျင်အနီး‌ နေအိမ်များ မီးဘေးလုံခြုံရေးကို ယနေ့နံနက် ၁၀ နာရီမှစ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟန်းသူရနှင့်အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်စွာ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တောင်သာမြို့ပေါ် ၆ ရပ်ကွက်အတွင်းရှိ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များတွင် မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် ဂရုစိုက် အသုံးပြုရေး မီးသတ်ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေးများအား စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေး အကြံပြုချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)