ကျောက်ဆည်မြို့နယ် ဒါန်းတိုင်းကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၃၅၂၇ ဧက စိုက်ပျိုး

ကျောက်ဆည် ဇန်နဝါရီ ၂၀     

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ဒါန်းတိုင်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၃၅၂၇ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

ထိုသို့ ဆောင်းသီးနှံများစိုက်ပျိုးရာ၌ ဖူးစားပြောင်း ၇၇ ဧက၊ မြေပဲ ၂၀ ဧက၊ နေကြာ ၃၇၀ ဧက၊ ပဲတီစိမ်း ၁၅၀ ဧက၊ ကုလားပဲ ၈၃၉ ဧက၊ ပဲကြီး ၂၀ ဧက၊ အခြားပဲ ၃၅၀ ဧက၊ ငရုပ် ၈၀ ဧက၊ ကြက်သွန်နီ ၁၅၄၈ ဧက၊ ကြက်သွန်ဖြူ ၂၂ ဧက၊ ကျွဲနွားစာ ၃၁ ဧက၊ ဟင်းသီး/ဟင်းရွက် ၂၀ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဆောင်းသီနှံများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အပင်ပြုစုနည်းများ ပိုးမွှားနှိမ်နင်းခြင်း အသိပညာများဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)