မြစ်သား ဇန်နဝါရီ ၂၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်တို့သည် မြစ်သားမြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ကျင်းပမည့်မဲရုံများ၏ ပြင်ဆင်ထားရှိမှုအခြေအနေများအား ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး အောင်နိုင်ထွန်းနှင့်အဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးအရာရှိဒေါ်ယဉ်မွန်ဖိုးနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတို့က ကြိုဆိုခဲ့ကြပြီး ကင်းစိန်ဈေးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ ပေါက်မြိုင်ကျေးရွာရှိ အခြခံပညာမူလတန်းကျောင်း၊ ရစ်ကန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေမင်းဝံကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ ရိုးကန်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၊ ဝက်ထိန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများရှိ မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး၍ သက်ဆိုင် ရာမဲရုံများ၏ တာဝန်ကျဝန်ထမ်းများအား မဲရုံပြင်ဆင်မှုလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ဝါဝါမြင့် (မြစ်သား) မန္တလေးတိုင်းဒေသကြီး အမြို့မြို့အနယ်နယ်သတင်းများ