ပျော်ဘွယ် ဇန်နဝါရီ ၂၁
ပျော်ဘွယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရန်အတွက်ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ လမ်းလယ်ကျွန်းနှင့်လူသွားစင်္ကြန်များအား သတ်မှတ်အရောင် ဆေးသုတ်ခြင်း၊ ကားလမ်းမကြီးဘေးဝဲယာ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်သာယာရပ်ကွက်၌ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများဆယ်ယူခြင်း၊ အချို့လမ်းများတွင်ရေနုတ်မြောင်းအသစ်ဖောက်လုပ်ခြင်း၊ လမ်းနှင့်လျှပ်စစ် ဓာတ်အားလိုင်းများဖြင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မြို့အဝင်၊ အထွက်များရှိ လမ်းလယ်ကျွန်းနှင့် လူသွားစင်္ကြန်များကိုလည်း သတ်မှတ်ထားသည့် ဆေးအရောင်သုတ်ခြင်းကိုဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)