‎မဟာအောင်မြေမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးညှိနှိုင်း ဆွေးနွေးပွဲကို အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းကို အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်တန်း (Grade-12)သင် ဆရာ၊ ဆရာမများအား မိမိကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်မြင့်မားရေးအတွက် ပြန်လည်ဆွေးနွေးပို့ချပေးနိုင်စေရန်နှင့် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် အခက်အခဲမရှိ ဖြေဆိုနိုင်စေရေးအတွက် ဇန်နဝါရီ ၂၃ ရက်နေ့တွင်လည်း သက်ဆိုင်ရာ Grade-12 ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် ပြန်လည်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း