အိန္ဒိယနိုင်ငံ ASI Director အဖွဲ့ပုဂံဌာနခွဲနှင့်ပူးပေါင်း၍ ရှေးဟောင်းအဆောက် အအုံ(၁၁)ဆူ ပြုပြင်ထိန်းသိမ်းမှုကွင်းဆင်းကြည့်ရှု

ညောင်ဦး ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ASI မှ Director နှင့်အဖွဲ့သည် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၁ ရက်နေ့မှစတင်၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်း ဦးဆောင်သည့်တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ASI အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် (၄၂၁၊ ၄၈၃၊ ၄၉၁၊ ၅၀၅၊ ၆၈၄၊ ၆၉၇၊ ၇၆၆၊ ၁၉၁၅၊ ၁၆၇၀၊ ၁၉၇၆၊ ၂၀၀၇) သို့ သွားရောက်ကွင်း ဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း