မိတ္ထီလာ ဇန်နဝါရီ ၂၁
မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပန်းချီပြိုင်ပွဲကိုကျင်းပရာ မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့မှ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသား ၄၆ဦးက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးဆွဲကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မိတ္ထီလာမြို့ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပမည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ