တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ၌”ရွှေအိမ်စံ”စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

တံတားဦး ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင်စံကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက် အကျိုးပြုမည့်သားကောင်းသမီးရတနာများ ပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများ နှုတ်မှုစွမ်းရည်နှင့် လူအများအလည် ရဲဝံ့စွာပြောဆို စေရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်းရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ကျေးရွာအခြခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေလှိုင်ဖြိုးက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာကြည့်တိုက်နှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဆရာ/မများ၊ ကျေးရွာသူ၊ ကျောင်းသားများ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများကို အချိန်မရွေး ဆောင်ရွက်ပေးနေပါကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဦးအောင်ကျော်မိုးက ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မူ/လွန်(အိမ်မြင့်စံ)ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောတို့ကို အမှတ်စဉ်အလိုက် အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)