ညောင်ဦး ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရွှေဂူဘကမူလွန်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲက ရွှေဂူကျောင်းတိုက်ဝန်းအတွင်း ယာယီမင်္ဂလာမဏ္ဍပ် တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဂူဘကမူလွန် ကျောင်းသား၊ ကျောင်းသူလေးများက”ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ရွှေဂူဘကမူလွန် ကျောင်းအုပ်ဆရာတော် ဒေါက်တာရှင်ခေမိန္ဒမှအဖွင့်အမှာစကားမိန့်ကြားကာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူရည်ချွန်ဆုများနှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာတော် ဒေါက်တာရှင်ခေမိန္ဒက ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း ဘက်စုံလှုပ်ရှား ထူးချွန်ဆုများ၊မြို့ဆုရရှိသူများအား ဒုတိယကျောင်းအုပ်ဆရာတော်နှင့် ဆရာ၊ ဆရာမများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း