အောင်‌မြေသာစံမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကျင်းပ

အောင်မြေသာစံ ဇန်နဝါရီ ၂၁

ထူးချွန်ထက်မြက်သော ဘော်လီဘောအားကစားသမားများ ပေါ်ထွက်စေရေးနှင့် ဘော်လီဘော အားကစားဖွံဖြိုးတိုးတက်စေရေးအတွက် အောင်သမာဓိနှင့် ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရရမ၊ နံနက် ရှစ်နာရီခွဲက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ မန်းအောင်ဆွေလင်း ဘော်လီဘောကလပ်တွင် ကျင်းပသည်။

အစီအစဉ်အရ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်‌ရေးမှူးဦးအောင်‌ဆွေက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဘောလီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်ဝင်းကပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာပြိုင်ပွဲကို စတင်ကျင်းပကြသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်‌ရေးမှူးဦးအောင်‌ဆွေ၊ အတွင်း‌ရေးမှူး ဒုတိယရဲမှူးကြီး စိန်ယု၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး သိန်းအောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဘောလီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့်ဆပ်ကော်မတီဝင်များ၊ ပြိင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ တက်‌ရောက်ကြသည်။

အဆိုပါ ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် ငွေကျပ်ဆယ်သိန်းစီ ထောက်ပံ့ပေးထားပြီး ပထမရရှိသည့်အသင်းအား ဆုငွေ ကျပ်သိန်းတစ်ရာ၊ ဒုတိယရရှိသည့်အသင်းအား ငွေကျပ် သိန်းငါးဆယ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)