အောင်မြေသာစံမြို့နယ်တွင် “ဆောင်း”အမှတ်တရ စုပေါင်းပန်းချီအနုပညာပြပွဲပြုလုပ်

အောင်မြေသာစံ ဇန်နဝါရီ ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်း၌ ပန်းချီဆရာ၊ ဆရာမများ၏ “ဆောင်း”အမှတ်တရ စုပေါင်းပန်းချီအနုပညာပြပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက အဆိုပါပြခန်းတွင် ကျင်းပသည်။

အဆိုပါပန်းချီပြပွဲတွင် မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း စသည့်မြို့များမှ ပန်းချီဆရာ၊ ဆရာမ (၁၅၄)ဦးတို့ ပါဝင်ရေးဆွဲထားသော ပန်းချီကားချပ်ပေါင်း(၁၅၅)ကားတို့ကို ခင်းကျင်းပြသထားရှိပြီး ပန်းချီပြပွဲကို ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်အထိ (၅) ရက်တိုင်နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ ပန်းချီ ချစ်မြတ်နိုးသူများ လာရောက်လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)