ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၇) အခြေခံပညာ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဖြင့် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ပြည်ကြီးတံခွန်မြို့နယ်၊ ပညာရေးမှူး ဒေါ်အေးသန္တာနိုင်က အနီးကပ်ကြီးကြပ်၍ မူလတန်း၊ အထက်ဆင့် ကျောင်းသား၊ ကျောင်းသူ (၂၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)