ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများ နိုင်ငံတာဝန်ကိုထမ်းဆောင်ရာတွင် ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် သိရှိလိုက်နာရမည့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ်စာအုပ် အခန်း(၂) ဝန်ထမ်းစည်းကမ်းများနှင့်ပတ်သက်၍ အလုပ်ချိန်နှင့် သက်ဆိုင်သည့် စည်းကမ်းများဆိုင်ရာကို ဖတ်ကြား၍ ဝန်ထမ်းကောင်း တစ်ယောက်အတွက် အချိန်ကို တန်ဘိုးထားတတ်စေရန်နှင့် သတ်မှတ်စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပြုမူနေထိုင်ဆောင်ရွက်တတ်စေရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရပြီး၊ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ရုံးဝန်ထမ်း ၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)