ပြင်ဦးလွင် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားရှိ ကျောင်းသားအိပ်ဆောင်တွင် ယနေ့ မွန်းလွဲပိုင်း ၁နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားသည်။
မီးလောင်ရာသို့ ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဆန်းဦး၊ ဦးစီးအရာရှိ ဦးငြိမ်းချမ်းအောင် တို့ဦးဆောင်သည့် တပ်ဖွဲ့၀င်(၂၂)ဦး၊ မီးသတ်ယာဉ်(၄)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁နာရီခွဲ၃၈မိနစ်တွင် မီးငြိမ်းသွားသည်။
မီးလောင်မှုဖြစ်စဉ်မှာ ကျောင်းသားအိပ်ဆောင်တွင် သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးများသည် အနီးရှိစာအုပ်များနှင့်အဝတ်အစားများအား မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)