သာစည် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ၂၂ ရက်မွန်းလွဲ ၂ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းများ ပူးပေါင်းဆောင်ရွက်သည်။
အဆိုပါ အသိပေးသရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်များဖြင့်မီးငြှိမ်းသတ်ခြင်းတို့ကို သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဈေးသူဈေးသားများက ပူးပေါင်းသရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
သာစည်မြို့မဈေးကြီး၌ ဆိုင်ခန်းပေါင်း ၆၅၄ ခန်းရှိပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဂါလံ ၁၂၀၀ ၊ ဂါလံ ၁၅၀၀ နှင့် ဂါလံ ၂၄၀၀ ဆံ့ မီးသတ်ရေလှောင်ကန်များ၊ မီးသတ်ရေငုတ် ၁၅ ခု၊ အဖွဲ့ပိုင်မီးသတ်ရေယာဉ်နှစ်စီး၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကတ်၊ သဲ၊ ရေပုံးများနှင့် မျော်စင်တစ်ခုတို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ အင်ဂျင်နီယာမှူးဦးဇော်မျိုးသက်ထံက သိရသည်။
မြို့နယ်ပြန်/ဆက်