ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်   စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ပြင်ဦးလွင် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၀န်ထမ်းများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာမ ခင်ဆွေဦးရေးသားသည့် “တို့တိုင်းဌာနီ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်၉နာရီခွဲက  ပြုလုပ်သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေါ်တင်တင်နု (ဒုတိယဦးစီးမှူး)၊ ဒေါ်သော်တာခိုင်ထွေး(ရုပ်သံကျွမ်းကျင်-၃)နှင့် ဦးစိုင်းလှမြင့်သိန်း(ရုပ်သံကျွမ်းကျင်-၃)တို့က   စာရေးဆရာမ ခင်ဆွေဦးရေးသားသည့် “တို့တိုင်းဌာနီ”စာအုပ်သည် အင်္ဂလိပ်လက်အောက်မှ မြန်မာ့လွတ်လပ်ရေးအတွက် သခင်လူငယ်များကြိုးပမ်းချိန်မှစ၍ တော်လှန်ရေးသမိုင်းမှ တကယ့် အဖြစ်အပျက်မှတ်တမ်းများကို ထည့်သွင်းရေးသားထားသော ၀တ္ထုတစ်ပုဒ်ဖြစ်ကြောင်းနှင့် စာအုပ်ပါ အခြားအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ဆက်လက်၍  ၀န်ထမ်းများက မိမိတို့၏ အတွေးအမြင်များကို ဆွေးနွေးကြသည်။ 

သွေးသွေး (ခရိုင် ပြန်/ဆက်)