အောင်မြေသာစံမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး

မန္တလေး ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၂၅)အခြေခံပညာ အထက်တန်းကျောင်း၊ မြရတနာပုံခန်းမ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၂ရက် မွန်းလွဲတစ်နာရီက ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယရဲမှူး မိုမင်းဝင်းက အဖွင့်အမှာစကားနှင့်ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ဒုတိယရဲအုပ်အောင်ကိုထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ စခန်းမှူး ရဲအုပ်အုန်းကျော်မင်းက မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုနှင့် မူယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောဆွေးနွေးဟောပြောကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုဝေမှကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားသို့ အမှတ်(၈၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(အောင်မြေသာစံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မိုးမင်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)နယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ် အုန်းကျော်မင်းနှင့်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုဝေနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုစုပေါင်း ၄၅၀ ခန့်တက်ရောက်ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးကြကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)