မလှိုင်မြို့နယ်၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး စာဖတ်ဝိုင်းပြုလုပ်

မလှိုင်  ဇန်နဝါရီ    ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက အမျိုးသားစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်နှင့်ကောလိပ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်တို့ကို ဆွေးနွေးသည်။ ထို့နောက် ဒုတိယဦးစီးမှူးက စာအုပ်များစုဆောင်းခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်း၊ စာစုမှတ်ပုံတင်ရေးသွင်းခြင်းနှင့်စာကြည့်တိုက်တံဆိပ်ရိုက်နှိပ်ခြင်းတို့ကို ဆွေးနွေးခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဝန်ထမ်းက စာအုပ်များကိုမျိုးတူပြုစုခြင်း၊ မျိုးတူစုခြင်း၏အကျိုးကျေးဇူးများ၊ ရည်ညွှန်းစာအုပ် အမျိုးအစားများအကြောင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မလှိုင်(ပြန်/ဆက်)