မဟာ‌အောင်မြေမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

မဟာအောင်မြေ ဇန်နဝါရီ ၂၃

မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်ပြည်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့သည်။

ထိုသို့ (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ (HPV) ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဆေးတစ်မျိုးဖြစ်ကြောင်း၊ (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် (HPV) ပိုးကြောင့်ဖြစ်ကြောင်း ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်သူလူထုအခြေပြုအနေဖြင့် တစ်နှစ်တစ်ကြိမ်ထိုးပေးခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ‌အမျိုးသမီးငယ်များအား ယခုလအတွင်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဇော်မင်း