ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့် ပြည်စုံစေသည့် ကျောင်းသား/သူများ ဖြစ်လာစေရန် ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကာဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျော်ကြား ကိုယ်ပိုင်အထက်တန်းကျောင်းရှိ လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ Grade-9 ကျောင်းသူလေး မချယ်ဇင်သန့်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဇော်လင်းထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူလေး မယွန်းဒါလီက လူငယ်နှင့်Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲမှ ကျောင်းသား/သူလေးများက ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့သို့ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် လှပသာယာပြည်မြန်မာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူလေးများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)