စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

စဉ့်ကိုင် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

KG ကျောင်းသား/ကျောင်းသူများအား အဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးလွင်၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ ပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျ လက်ဆေးနည်းများ၊ သွားခံတွင်း သန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ပြီး ကြက်သား‌ဟင်း၊ ချဉ်ပေါင်းဟင်းရည်နှင့် အာဟာရပဲထမင်းများ ကျွေးမွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်တစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)