စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပညာတန်ဆောင် စာပေပြိုင်ပွဲနှင့် မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ

စဉ့်ကိုင် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်သူများ အတွေးအခေါ်ကောင်းများရရှိပြီး စာလုံးပေါင်းသတ်ပုံ မှန်ကန်စေရေးနှင့် စီကုံးရေးသားတတ်စေရန်တို့ကို ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ ပညာတန်ဆောင် စာပေပြိုင်ပွဲနှင့် မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အ-ထ-က (စဉ့်ကိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိအခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၀ ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူဦးရေ ၂၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)