မြင်းခြံ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်းရှိ မဲရုံများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုလွှတ်တော်တို့တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များ၊ အရံစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်းများမဖြစ်ပေါ်စေရေန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်၍ သက်ဆိုင် ရာမဲရုံများအား ဇုံနယ်မြေများခွဲ၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ ထုတ်ပေးလျက်ရှိသည်။
မြင်းခြံမြို့နယ်တွင် ရပ်ကွက် ၂၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုတို့တွင် မဲရုံ (၆၇) ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၃၃၆၆ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)