ပြင်ဦးလွင်မြို့နယ်အတွင်း မန်ကျည်းအင်းကျေးရွာရှိ  ခိုနန်းရှင်ဘုန်းကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပြင်ဦးလွင် ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင်  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့များနှင့် ပြင်ဦးလွင်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အလုပ်အမှု ဆောင်တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို   ယမန်‌နေ့နံနက်ပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့နယ်၊  မန်ကျည်းအင်းကျေးရွာရှိ   ခိုနန်းရှင်ဘုန်းကြီး ကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။   

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင်အထွေထွေရောဂါ လူနာ(၁၃၈)ဦး၊ ကလေးလူနာ(၇၂)ဦး၊ ခွဲစိတ်လူနာ(၃၅)ဦး၊ အကြောအဆစ်နှင့်ပတ်သက်သော လူနာ (၅၃)ဦး၊ ကိုယ်၀န်ဆောင်မိခင်များနှင့်သားဖွာမီးယပ်လူနာ(၂၈)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၄၅)ဦး၊ သွားနှင့်ခံတွင်း ရောဂါလူနာ(၁၇၅)ဦး၊ မျက်စိလူနာ(၃၂၀)ဦး၊  စိတ်ကျန်းမာရေးနှင့်ပတ်သက်သော လူနာ (၁)ဦး တို့အား ကြည့်ရှု ကုသပေးခဲ့ပြီး မျက်စိစမ်းသပ်လူနာ(၂၉၀)ဦးတို့အား မျက်စိစမ်းသပ်‌ပေးခဲ့ကာမျက်မှန်များ အခမဲ့လှူဒါန်းပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကုသပေးခဲ့သူ စုစုပေါင်း(၁၁၅၇)ဦးအနက်မှ ဆေးဝါးအခမဲ့ထောက်ပံ့ပေးခဲ့သူ(၃၃၀)ဦး၊ ဓာတ်မှန် Ultrasound ရိုက်ကူးပေးခဲ့သူ(၅၄)ဦး၊ ဓာတ်ခွဲစစ်ဆေးပေးခဲ့သူ(၂၇၆)ဦး၊ ပြင်ဦးလွင်ဆေးရုံကြီးသို့ ခွဲစိတ်ကုသရန် လွှဲပြောင်းလူနာ(၃၈)ဦးတို့အား အခမဲ့ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)