မိတ္ထီလာ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ မန္တလေးလမ်းမှ လျှော်ဖြူကန်-ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအရှည် ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ လမ်းအကျယ် ၄ ဒသမ ၂၇ မီတာ၊ ထု ၇၅ မီလီမီတာရှိ လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်း လုပ်ငန်းနှင့် အရှည် ၁ ဒသမ ၅၂ မီတာ၊ အကျယ် ၇ ဒသမ ၃၂ မီတာ၊ အမြင့် ၁ ဒသမ ၅၂ မီတာရှိ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) အထွေထွေပိုလျှံရန်ပုံငွေကျပ် ၁၁၀ ဒသမ ၆၄၂ သန်းအသုံးပြု၍ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)