ပြင်ဦးလွင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ပြိုင်ပွဲများကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စ၍ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပရာဆေး‌ရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ 
 
ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show)များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)