ရမည်းသင်း ဇန်နဝါရီ ၂၃
ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သဘာဝဘေးအန္တရာယ် ဖြစ်ပွားရသည့်အကြောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ငယ်စဉ်ကစကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝစေ ရေး လေ့ကျင့်ပျိုးထာင်ကြရန်၊ ပညာရှာရမည့်အရွယ်တွင်ပညာကို ကြိုးစားသင်ယူကြရန်နှင့် စာအုပ်စာပေများကိုဖတ်ရှုလေ့လာကြမှသာ အနာဂတ်တွင် နိုင်ငံတော်မှ အားကိုးအားထားရမည့် လူတော်လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီး KEC ကိုယ်ပိုင်ကျောင်းမှ ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံစာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)