ပုဂံ ဇန်နဝါရီ ၂၄
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ် ၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်)တောင်ဘက်ခြမ်းနံရံနှင့် အမိုးပေါင်းကူးထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေမှုများအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဟောင်းအဆောက်အအုံအမှတ် ၁၀၄၂(ဆင်ကအုတ်တိုက်ရှည်)အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှစ၍ ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရှေးဟောင်းအဆောက်အအုံအမှတ် ၁၀၄၂(ဆင်ကအုတ်တိုက်ရှည်) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးရာရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ထိန်းသိမ်းရေးလုပ်ငန်းများ မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှုအပိုင်းများအား ရှင်းလင်းတင်ပြရာ လုပ်ငန်းများ မိုးရာသီမတိုင်မီအချိန်မီပြီးစီအောင်ဆောင်ရွက်ရန်နှင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း