နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲနှင့် အားကစားမျိုးစုံ ဆုပေးပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၄

မန္တလေးဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ယမန်နေ့ညနေ ၄ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပခဲ့ပြီး အားကစားမျိုးစုံ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲတွင် လျှပ်စစ်စွမ်းအားမေဂျာအသင်းနှင့် မြို့ပြအင်ဂျင်နီယာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လျှပ်စစ်စွမ်းအားမေဂျာအသင်းက ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသိရှိရပြီး ပထမဆုရရှိခဲ့သည့် လျှပ်စွမ်းအားမေဂျာအသင်းအား ရွှေဆွဲပြား၊ ဆုဒိုင်းနှင့် ငွေသားဆုများကို နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ဆုများချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိခဲ့သော မြို့ပြအင်ဂျင်နီယာအသင်းအား ငွေဆွဲပြားနှင့် ငွေသားဆုများကို အင်ဂျင်နီယာဌာနမှ ဌာနမှူး ဒေါ်ခင်မျိုးနွဲ့က ဆုများချီးမြှင်းခဲ့ကြောင်းနှင့် ပွဲစဉ်တစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် အကောင်းဆုံး ဂိုးသမားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၏ ဆောင်းရာသီအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသားပိုက်ကျော်ခြင်း၊ E-sport၊ အမျိုးသားဘော်လီဘော၊ အမျိုးသမီးဘော်လီဘော၊ အမျိုးသမီးဖူဆယ် ပြိုင်ပွဲများတွင် အသင်းလိုက်ဆုရရှိသွားသည့် အသင်းများနှင့် တစ်ဦးချင်းဆုရရှိသူများအား နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဌာနမှူး ဆရာကြီး/ ဆရာမကြီးများနှင့် အားကစားကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)