ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက် ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ မန္တလေးတိုင်းဒေသကြီး(တိုင်းအဆင့်)တွင် ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဆက်ရောက်ခဲ့သည့် ဆရာကြီး/ဆရာမကြီး ၂၃ ဦးမှ နည်းပြအဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ တက္ကသိုယ်ဝင်တန်းဘာသာရပ်သင် ဆရာ/ဆရာမ ၂၂၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)