ညောင်ဦး ဇန်နဝါရီ ၂၄
ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၄-၂ဝ၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သဘာပတိ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဌေးမှ အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးဝေမှ သမဝါယမအသင်းဥပဒေ/နည်းဥပဒေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူ အသင်းစုကိုယ်စားလှယ်များထံမှ (၂ဝ၂၄-၂ဝ၂၅)ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချက်ရယူပြီး တက်ရောက်လာသူများအား အစုပေါ်အမြတ်၊ အစုပေါ်ပြန်ပေးငွေများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း