မြစ်သား ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိမဲရုံအသီး သီးတွင်ပြုလုပ်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။
မဲဆန္ဒရှင်ပြည်သူများအား လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများတွင်တာဝန်ကျ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်များ၊ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ပူးပေါင်းကာဆန္ဒမဲပေးရာ၌ စနစ်တကျဖြစ်အောင်စီစဥ် ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၂ အုပ်စုရှိ မဲရုံပေါင်း ၁၇၅ ရုံသတ်မှတ်ထားပြီး အသက် ၁၈နှစ် နှင့်အထက်ဆန္ဒမဲပေးရန် အကျုံးဝင်သည့်လူဦးရေ စုစုပေါင်း ၁၄၁၁၂၇ ရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)