သပိတ်ကျင်း ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြသည်။
ထိုသို့မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများက လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များဖြင့် လွှတ်တော်အလိုက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုရွေးချယ်မဲပေးကြသည်။
သပိတ်ကျင်းမြို့နယ်အနေဖြင့် ရပ်ကွက်၊ကျေးရွာအုပ်စု(၄ )အုပ်စု တွင် မဲရုံ(၁၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၉၂၀၁) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဖြိုးမမ (ပြန်/ဆက်)