ပုသိမ်ကြီး ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ယနေ့နံနက် ၆ နာရီမှစတင်ကျင်းပရာ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မဲရုံတို့တွင် လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်ရေးအတွက် အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ပူးပေါင်းကာ ဆန္ဒမဲပေးရာ၌ စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ၅၈ အုပ်စုရှိ မဲရုံ ၁၃၉ ရုံ သတ်မှတ်ထားပြီး အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးရန် အကျုံးဝင်သည့် အမျိုးသားဦးရေ ၈၄၃၀၉ ဦး၊ အမျိုးသမီးဦးရေ ၉၂၈၃၅ ဦး၊ စုစုပေါင်းလူဦးရေ ၁၇၇၁၄၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ထံမှ သိရှိရသည်။
ဇာနည်ကိုကို ပြန်/ဆက်