ညောင်ဦး ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ထီးလိုမင်းလိုဘုရားကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီအချိန် ပင့်သံဃာ (၄၀) ပါးတို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အား တမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ညောင်ဦးမြို့၊ နတ်ထောင့်ကျောင်းဆရာတော်(၅)ဘဒ္ဒန္တသုဇန အရှင်သူမြတ်ထံက (၅) ပါး သီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်မြတ်များထံက မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြည်ညိုကြကာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌဦးဝင်းလှိုင်တင့်၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာပြည် အရပ်ရပ်အလှူရှင်များကလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်နတ်ထောင့်ကျောင်း ဆရာတော်(၅) ဘဒ္ဒန္တသုဇန အရှင်သူမြတ်ထံက အနုမောဒနာတရားခံယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးကြသည်။
ပြီးနောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံးအလှူရှင်များက သံဃာတော် အရှင်သူမြတ် (၄၀)ပါးတို့အား ဆွမ်းသပိတ်လုံးများလောင်းလှူကြသည်။
ထီးလိုမင်းလိုဘုရားကို အေဒီ ၁၂၁၁ ခုနှစ်၊ သက္ကရာဇ် ၅၆၉ ခုနှစ်တွင် ဇေယျသိင်္ခ(ခ)နား တောင်းများမင်း(ခ)ထီးလိုမင်းလိုမင်းဟူ၍ သုံးမည်ရမင်းကြီးကတည်ထားသော(၂)ထပ် လိုဏ်၊ သုံးဆင့်အထိ တက်ရောက်နိုင်သောဘုရားဖြစ်သည်။
ဒီပါလင်း