ပျော်ဘွယ် ဇန်နဝါရီ ၂၇
ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းမှဦးဆောင်ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် ပရိယတ္တိဓမ္မာ နုဂ္ဂဟစာမေးပွဲ၌ အောင်မြင်ခဲ့သည့် သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အလှူရှင် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)သောင်းအေးက ဓမ္မာနုဂ္ဂဟစာမေးပွဲကိုနှစ်စဉ်ကျင်းပနိုင်ရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက် ထားကာ ဓမ္မာနုဂ္ဂဟသင်းအတွက် ငွေပဒေသာပင်ကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ (၁၁)ကြိမ်မြောက်ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ၌အောင်မြင်ခဲ့သည့် သံဃာတော် ၁၂၀ ပါးတို့အား အလှူရှင် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)သောင်းအေး၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်း၊ပရိယတ္တိဓမ္မာ နုဂ္ဂဟအသင်းဥက္ကဋ္ဌနှင့် အလှူရှင်များက စာအောင်ဆုများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)