လသာမြို့နယ်၌ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

လသာ ဇန်နဝါရီ ၂၇

ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ အန္တရာယ်နှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ထို့အပြင် မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်း၀တ်ရည်လှိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် အမှတ် (၄၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ဝေလင်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးရုံးမှဦးစီးမှုး ဒေါ်‌ပပ‌မောင်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများအကြောင်း ဟောပြောခဲ့ကြကာ ဟောပြောချက်များအပေါ် မေးခွန်းများမေးမြန်းကြရာ အဖြေမှန်သူ‌ ကျောင်းသား/သူများကို တာ၀န်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်‌ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နေလင်း