ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၁၆၆၅ ဧက စိုက်ပျိုး

ကျောက်ဆည် ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံမျိုးစုံ ၁၇၈၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးရာ၌  မြေပဲ ၁၆၇ ဧက၊ နှမ်း ၃၂၂ ဧက၊ နေကြာ ၁၅၀ ဧက၊ ပဲတီစိမ်း ၅၀ ဧက၊ ထောပတ်ပဲ ၄၂ ဧက၊ ကုလားပဲ ၄၇၄ ဧက၊ ပဲကြီး ၃၀ ဧက၊ ပဲကျား ၂၀ ဧက၊ အခြားပဲ ၃၅၀ ဧက၊ ကျွဲနွားစာ ၆၀ ဧက စုစုပေါင်း ၁၆၆၅ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၁၂) ခုရှိပြီး တောင်တော်ကျေးရွာအုပ်စုသည် တိုက်နယ်(၁၂)တွင် ပါဝင်ကြောင်းနှင့် အခြားကျေးရွာ အုပ်စုများဖြစ်သည့် ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စု၌ ဖူးစားပြောင်း ၁၇၆ ဧက၊ မြေပဲ ၁၇၆ ဧက၊ နှမ်း ၉၄၂ ဧက၊ နေကြာ ၅၆၇ ဧက၊ ပဲတီစိမ်း ၄၆၀ ဧက၊ ထောပတ်ပဲ ၄၇၇ ဧက၊ ကုလားပဲ ၃၃၄၅ ဧက၊ ပဲကြီး ၉၅ ဧက၊ ပဲကျား ၆၃၀ ဧက၊ အခြားပဲ ၂၄၅၄ ဧက၊ ငရုတ် ၈၄ ဧက၊ ကြက်သွန်နီ ၂၉၂ ဧက၊ ကျွဲနွားစာ ၁၄၆ ဧက၊ ဟင်းသီးဟင်းရွက် ၁၅၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

 သက်မောင်(ကျောက်ဆည်)