မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၂၉

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစု၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက် သဘာပတိဦးခင်မောင်ဋ္ဌေးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုဝေဝေထွန်းနှင့် သမဝါယအသင်းစုချုပ် အမှုဆောင်ဦးဟန်တို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မဟာအောင်မြေမြို့နယ်၊ သမဝါယမဦးစီးအရာရှိ ဒေါ်လင်းစုအောင်က ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မန်နေဂျာဒေါ်သောင်းသောင်းက အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေစာရင်းများနှင့်ရှေ့လုပ်ငန်းစဥ်များအား ဆက်လက်တင်ပြခဲ့သည်။

အဆိုပါ ဖတ်ကြားတင်ပြခဲ့သော အချက်အလက်များအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ အတည်ပြုချက်များနှင့် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အစုအမြတ်များ ပေးအပ်ခဲ့ကာ သဘာပတိဦးခင်မောင်ဋ္ဌေးက နိဂုဏ်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)