ငါန်းဇွန်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ငါန်းဇွန် ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်၌ သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ၂၈-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် ကွန်ဂရက်တွင် ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်၊ ၂၀၂၅ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဉက္က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်(၁၅-၁၀-၂၀၂၅)နှင့် ဘိုမျိုး(ရွှေဘို)၏ နှင်းရည် ဆွတ်ဖျန်း ပွင့်ပန်းစုံညီကဗျာတို့ ပါဝင်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)