နိုင်ငံတော်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်

ချမ်းအေးသာစံ  ဇန်နဝါရီ ၂၉

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ သောဠသမရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာ တော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ ညနေပိုင်း၌ သွားရောက်ဖူးမြော်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ သောဠသမရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ဂန္ဓာကုဋီတိုက်တော် ရွှေကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ စိန်ဖူးတော်ကြီး၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ တင်လှူပူဇော်နိုင်ရေးနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကြီးအောင်မြင်စွာကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် ဆရာတော်ကြီးထံကဩဝါဒများခံယူခဲ့ကြကြောင်းနှင့်  နိုင်ငံတော်ဩဝါဒါစရိယ၊ သောဠသမရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)